Statement of the Inter-Korean Summit

ကိုရီးယားနှစ်နိုင်ငံထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ ကိုရီးယားသမ္မတနိုင်ငံ၊ ပန်မွန်ဂျုံ အပစ်အခတ်ရပ်စဲရေး ကျေးရွာတွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင်များအကြား ကျင်းပပြုလုပ်ခဲ့သည့်သမိုင်းဝင်ကိုရီးယားနှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကြိုဆိုပါသည်။

အဆိုပါ သမိုင်းဝင်ထိပ်သီးအစည်းအဝေး၏ အပြုသဘောဆောင်သည့် ရလဒ်များသည် ကိုရီးယားနှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးနှင့် နျူကလီးယား လက်နက်ကင်းစင်ရေးကို ဖော်ဆောင်ပေးနိုင်မည်ဟု မြန်မာအစိုးရအနေဖြင့် မျှော်လင့်ပါသည်။ အဆိုပါသမိုင်းဝင်ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကြိုးပမ်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် ချီးကျူးပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်။


Myanmar’s Statement on the inter-Korean Summit

The Government of the Republic of the Union of Myanmar welcomes the historic inter-Korean Summit, led by Leaders of the Republic of Korea and the Democratic People’s Republic of Korea, which was held in the truce village of Panmunjeon, Republic of Korea on 27 April 2018.

The Government of Myanmar hopes that the positives results achieved at the historic Summit will contribute to the improvement of inter-Korean relations and eventually bring peace, stability and denuclearization in the Korean Peninsula. Myanmar commends all parties concerned for their strenuous efforts to make this historic Summit possible.

Ministry of Foreign Affairs
Nay Pyi Taw,
Dated: 2 May 2018